စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်း၏ ဆောင်ရွက်နေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုအားပေးခြင်း

စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်း၏ ဆောင်ရွက်နေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုအားပေးခြင်း

Posted on 17 December 2021

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် သန်လျင် မြို့နယ်ရှိ ပဲအမျိုးမျိုးနှင့် ဆန်၊ ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော စက်ရုံသို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ် စတင်လည်ပတ် ထုတ်လုပ်မည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့် အချက်များ (Version 5.0) အား လိုက်နာ‌ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါ သည်။