မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

Posted on 21 December 2021

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ရေနံချောင်းစက်မှုဇုန်ရှိ ကွန်ကရစ် ပိုင်တိုင်၊ ပိုက်၊ ဓာတ်မီးတိုင်ပစ္စည်းများ ထုတ်လုပ်ဖြန့်ချီရောင်းချခြင်းလုပ်ငန်းနှင့် မြေပဲခွံမှတစ်ဆင့် လောင်စာတောင့်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မကွေးမြို့နယ်ရှိ တန်ဖိုးမြှင့် နှမ်းထုတ်ကုန်များ သန့်စင်ပြီး သဘာဝမြေပဲ၊ မြေပဲဆီ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရောင်းချခြင်းလုပ်ငန်းများသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။