ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်း

Posted on 22 December 2021

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် အဖွဲ့ဝင်များလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုဇုန်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်ရာတွင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။