ဆောက်လုပ်ရေး လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း

ဆောက်လုပ်ရေး လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 30 December 2021

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ နှင့် လားရှိုးမြို့တို့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လူထုအခြေပြု ဗဟိုဌာန၊ ဝန်ထမ်းအိမ်ရာနှင့် လူနေစျေးဆိုင်ခန်းတို့ကို တည်ဆောက်၍ ဘီအိုတီစနစ်ဖြင့် လူနေစျေးဆိုင်ခန်း အား ငှားရမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉  ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။