ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 19 January 2022

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ပိုင် ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည်   ဧရာဝတီတိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ရှိ တန်ဖိုးနည်းအပန်းဖြေအိမ်ရာများ ဆောက်လုပ်ငှားရမ်း ရောင်းချခြင်းလုပ်ငန်း၊   ယာဉ်ရပ်နား စခန်းတည်ဆောက်ခြင်းနှင့် စီးပွားရေးအဆောက်အအုံများ ဆောက်လုပ်ငှားရမ်းရောင်းချခြင်းလုပ်ငန်းများသို့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။