ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 31 March 2022

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဉက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

          အဆိုပါအစည်းအဝေးတွင် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေး အဖွဲ့မှ ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် အစီရင်ခံစာများ၊ ရင်းနှီးမြှုပ်နှံသူများက တွေ့ကြုံရသည့် အခက် အခဲများကို ဆွေးနွေးခဲ့ကြပါသည်။