ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 22 April 2022

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ဦးလေးနိုင်က ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Unboxing Investment Facilitation Toolkit 2022 ၏ အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု စနစ် (DICA Online Solution - DOSo) စနစ်၊ တစ်နေရာတည်း အလုံးစုံ ဝန်ဆောင်မှု ပေးသည့်အဖွဲ့ ( One Stop Service)၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ (Standard Operation Procedures)၊ Cost of Doing Business in Myanmar Survey Report 2022 နှင့် DICA info Android Mobile Application တို့ကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခု ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၁.၀၀) သန်းကို ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၃)ခု ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆.၉၀၄ သန်းအပါအဝင် ကျပ်သန်း (၃၁၆၂၀.၇၅)ကို ခွင့်ပြုပေးထားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်ခွင့်အလမ်းအနေဖြင့် ပြည်တွင်း (၉၉၄)ဦးနှင့် ပြည်ပ (၅၃)ဦးကို ဖန်တီးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။