ရင်းနှီးမြှုပ်နှံသူများနှင့်တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

ရင်းနှီးမြှုပ်နှံသူများနှင့်တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

Posted on 22 September 2022

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလ ၂၀ ရက်နေ့ တွင် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဒီးမော့ဆို မြို့နယ်ရှိ ဟိုတယ်လုပ်ငန်းကို Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လွိုင်ကော်မြို့တွင် ခဲမဖြူ၊ အဖြိုက်နက်နှင့်ရောရာသတ္တုများကို သန့်စင်၍ စက်မှုကုန်ချောထုတ်လုပ်ခြင်းလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူး ရုံးအစည်းအဝေးခန်းမ၌ လည်းကောင်းတွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။