ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၂/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၂/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း

Posted on 06 June 2023

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၂/၂၀၂၃ ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဌ၊  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် သုံးဘီးမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ဆန်၊ ပြောင်း ကြိတ်ခွဲ ထုတ်လုပ်တင်ပို့ ရောင်းချခြင်း လုပ်ငန်းတို့၏ တည်ဆောက်ရေးကာလတိုးမြှင့်ခြင်း၊ ရင်းနှီးမြှုပ်နှံသူအမည်နှင့် လိပ်စာပြောင်းလဲခြင်းနှင့် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်း အမျိုးအစားပြောင်းလဲခြင်း တို့အတွက် တင်ပြလာမှုများကို  ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။