ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၅/၂၀၂၃ ကြိမ်မြောက်အစည်းအဝေးပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၅/၂၀၂၃ ကြိမ်မြောက်အစည်းအဝေးပြုလုပ်ခြင်း

Posted on 29 December 2023

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၅/၂၀၂၃ ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

 အဆိုပါအစည်းအဝေးတွင် သတ္တုအရည်ကြိုစက်ရုံ တည်ဆောက်၍ အလူမီနီယံနှင့် Stainless Steel သတ္တုတုံးများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း ၊ စက်ရုံတည်ဆောက်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းတို့ကို အတည်ပြုပေး ခဲ့ပြီး ဆန်စပါးနှင့်ပြောင်း စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကြိတ်ခွဲရောင်းချခြင်း အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း တစ်ခုအတွက် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းအမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံမှု တည်နေရာပြောင်းလဲခြင်းတို့အတွက် တင်ပြလာမှုများကို  ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။