မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

Posted on 02 January 2024

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါ ဝင်သောကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်နှင့်ဆောင်ရွက်နေသော လုပ်ငန်း ၂ ခုကို  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။