ကွင်းဆင်းစစ်ဆေးခြင်း

ကွင်းဆင်းစစ်ဆေးခြင်း

Posted on 15 March 2024

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ပိုင် ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဧရာဝတီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(ARIC)၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်း သို့ ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။