ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

Posted on 03 November 2015

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၄) ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ မှ ၂၀၁၅ခုနှစ် အောက်တိုဘာလ ၃ဝရက်နေ့ထိ ၈ ပတ်ကြာကျင်းပခဲ့ပြီး၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွှဲ ၁၃:၀၀ နာရီ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ စုစုပေါင်းအင်အား ၁၃၅ ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပထမဆုကို ဒေါ်စောသက်စုဝင်း (လက်ထောက် ညွှန်ကြားရေးမှူး)မှ လည်းကောင်း၊ ဒုတိယဆုကို ဒေါ်ငြိမ်းငြိမ်းအိ (လက်ထောက်ညွှန်ကြားရေးမှူး) မှ လည်းကောင်း၊ တတိယဆုကို ဒေါက်တာသိမ့်သိမ့်မိုး (ဒုတိယညွှန်ကြားရေးမှူး) မှ လည်းကောင်း ရရှိခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို မွန်းလွှဲ ၁၄:၃၀ နာရီတွင် ရုတ်သိမ်း ခဲ့ပါသည်။

9.jpg

8.jpg