ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ အနုညာတဥပဒေဖြင့် အငြင်းပွားမှု ဖြေရှင်းခြင်းနည်းလမ်းအား ရှင်းလင်းဆွေးနွေးခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ အနုညာတဥပဒေဖြင့် အငြင်းပွားမှု ဖြေရှင်းခြင်းနည်းလမ်းအား ရှင်းလင်းဆွေးနွေးခြင်း

Posted on 11 March 2016

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စွမ်းဆောင်ရည်မြှင့်တင်သည့် အစီအစဉ်တစ်ခုအနေဖြင့် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေနှင့်စပ်လျဉ်းသည့် ရှင်းလင်း ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီတွင်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး၊ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင်   ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အိအိခင်မှ လာရောက်ဆွေးနွေး ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ ကြပါသည်။