Shwe Kathar- Shindo Engineering & Manufacturing Private Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Shwe Kathar- Shindo Engineering & Manufacturing Private Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 21 March 2016

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော အမှတ် ၁၅၁၊ ယောဂီကျောင်းလမ်း၊ ၁၁ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Shwe Kathar- Shindo Engineering & Manufacturing Private Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တည်ဆောက်ရေး လုပ်ငန်း များဆောင်ရွက်နေခြင်းအပေါ် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။