Financing Infrastructure Development and PPP (Public-Private-Partnership) Institutional Framework အတွက် ရေးဆွဲပြုစုခဲ့သည့် Analytical Paper အား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း

Financing Infrastructure Development and PPP (Public-Private-Partnership) Institutional Framework အတွက် ရေးဆွဲပြုစုခဲ့သည့် Analytical Paper အား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း

Posted on 22 April 2016

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ DICA-JICA Discussion Series on PPP for Infrastructure မှ အတွေ့အကြုံများကို အခြေခံ၍ Financing Infrastructure Development and PPP (Public-Private-Partnership) Institutional Framework အတွက် ရေးဆွဲပြုစုခဲ့သည့် Analytical Paper အား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကို ၂၀၁၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့၌ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးခန်းမတွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ခေါင်းဆောင်၍ Task Force အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် JICA မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦး ခန့် တက်ရောက်ကြပါသည်။

အခမ်းအနားတွင် JICA Myanmar Office ၏ Deputy Chief Representative ဖြစ်သူ Mr. Kyosuke INADA က ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသို့ Analytical Paper အား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။