BGG Manufacturing Co., Ltd., Denso Industry Yangon Limited & Hangzhou Hundred-Tex Garment (Myanmar) Co., Ltd. တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

BGG Manufacturing Co., Ltd., Denso Industry Yangon Limited & Hangzhou Hundred-Tex Garment (Myanmar) Co., Ltd. တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 09 May 2016

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာသာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ “BGG Manufacturing Co., Ltd.” ၊ “Denso Industry Yangon Limited” နှင့် “Hangzhou Hundred-Tex Garment (Myanmar) Co., Ltd.” တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည့် ၂၀၁၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါ သည်။