မြန်မာ-ဂျပန် ကနဦးပူးပေါင်းဆောင်ရွက်မှု (အပိုင်း -၂၊ ပထမအကြိမ်အစည်းအဝေး ) ပြုလုပ်ကျင်းပခြင်း

မြန်မာ-ဂျပန် ကနဦးပူးပေါင်းဆောင်ရွက်မှု (အပိုင်း -၂၊ ပထမအကြိမ်အစည်းအဝေး ) ပြုလုပ်ကျင်းပခြင်း

Posted on 14 June 2016

            ၁၃-၆-၂၀၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှု (အပိုင်း -၂၊ ပထမအကြိမ် အစည်းအဝေး)  ကို ပြုလုပ်ကျင်းပရာ  မြန်မာနိုင်ငံဘက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်သော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်  ဂျပန်နိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး  H.E Mr.Tateshi Higuchi ဦးဆောင်သောအဖွဲ့ဝင်များသည်  ဂျပန်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေအနေများနှင့် မြန်မာ - ဂျပန် ကနဦးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ Working - Group များ ဖွဲ့စည်းနိုင်ရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။