စင်ကာပူနိုင်ငံ၊ Ministry of Trade and Industry မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခြင်း

စင်ကာပူနိုင်ငံ၊ Ministry of Trade and Industry မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခြင်း

Posted on 15 June 2016

စင်ကာပူနိုင်ငံ၊ Ministry of Trade and Industry မှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Rossman Ithnain နှင့် အဖွဲ့သည် ၁၃-၆-၂၀၁၆ ရက်နေ့ နံနက် ၁၆: ၃၀ နာရီတွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်၍ မြန်မာ-စင်ကာပူ ဝန်ကြီးအဆင့်ပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။