ASEAN-EU Compass Program မှ Information Consultant နှင့် တွေ့ဆုံခြင်းမှတ်တမ်း

ASEAN-EU Compass Program မှ Information Consultant နှင့် တွေ့ဆုံခြင်းမှတ်တမ်း

Posted on 06 July 2016

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်၊ (တနင်္လာနေ့) ၁၅: ၁၅ နာရီချိန်တွင် ASEAN-EU Compass Program မှ Information Consultant,Ms. Christine Alberti-Schmitt သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ (ရုံးချုပ်)သို့ လာရောက်၍ ဒုတိယညွှန်ကြား ရေးမှူးချုပ် (၁) ဦးဆန်းမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးသန့်စင်လွင်၊ ညွှန်ကြားရေးမှူး စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲတို့နှင့် တွေ့ဆုံကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အမှန်စာရင်း ကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် National Training for DICA စာရင်းကိုင်ပညာ သင်တန်း(၂)ပတ် ဖွင့်လှစ်နိုင်ရေး၊ ASEAN-EU Regional Workshop on FDI ကို လာမည့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ၌ ကျင်းပသွားရန်၊ မြန်မာနိုင်ငံအတွက် Technical Training များ ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် IT Equipments များ လှူဒါန်းခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။