အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းဆိုင်ရာမူဘောင် ဖြစ်ပေါ်လာရေးအတွက် Sub-Group များအလိုက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေး

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းဆိုင်ရာမူဘောင် ဖြစ်ပေါ်လာရေးအတွက် Sub-Group များအလိုက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေး

Posted on 16 July 2016

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းဆိုင်ရာမူဘောင် ဖြစ်ပေါ်လာရေးအတွက် Sub-Group များအလိုက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့၌ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးခန်းမတွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ခေါင်းဆောင် သော Task Force အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် JICA မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀ ဦး ခန့် တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ၏ မူဝါဒပိုင်းဆိုင်ရာနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းဆိုင်ရာမူဘောင် ဖြစ်ပေါ်လာရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ JICA Myanmar Office ၏ Deputy Chief Representative ဖြစ်သူ Mr. Kyosuke INADA က Sub-Group များအလိုက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊  ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Task Force အဖွဲ့ဝင်က အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။