မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နှင့်တွေ့ဆုံဆွေးနွေးခြင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နှင့်တွေ့ဆုံဆွေးနွေးခြင်း

Posted on 27 July 2016

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E Mr. Scot Marciel သည် အမေရိကန်သံရုံးမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးသို့ ၂၆-၇-၂၀၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။