မအူပင် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

မအူပင် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 10 August 2016

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအား ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း မှ ဥက္ကဌ ဦးဝင်းလှိုင်  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌  (၉-၈-၂၀၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် လာရောက် ဂါရဝပြု တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။