ညှိနှိုင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း

ညှိနှိုင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း

Posted on 18 August 2016

ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(GIZ)၏ အကူအညီဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာသဘောတူစာချုပ်များ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ Sedona Hotel ၌ ညှိနှိုင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ညွှန်ကြားရေးမှူးများ နှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။