ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(GIZ)၏ အကူအညီဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ အရာထမ်းများအား ၎င်းတို့၏ လုပ်ငန်း တာဝန်များ၊ စိန်ခေါ်မှုများကို ထိရောက်အောင်မြင်စွာ စီမံခန့်ခွဲနိုင်မှု အရည်အသွေး တိုးတက် စေရန် ရည်ရွယ်၍ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့တွင် ရန်ကုန်မြို့၊ Sedona Hotel ၌ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
Posted on 19 August 2016