Training on Leadership and Management

Training on Leadership and Management

Posted on 22 August 2016

ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(GIZ)၏ အကူအညီဖြင့်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ အရာထမ်းများအား ၎င်းတို့၏ လုပ်ငန်း တာဝန်များ၊ စိန်ခေါ်မှုများကို ထိရောက်အောင်မြင်စွာ စီမံခန့်ခွဲနိုင်မှု အရည်အသွေးတိုးတက် စေရန် ရည်ရွယ်၍ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း ဒုတိယနေ့ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့၊ Sedona Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြား ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။