သင်၏အကြံပြုချက်များအား DICA မှ ကြိုဆိုပါတယ်။

သင်၏အကြံပြုချက်များအား DICA မှ ကြိုဆိုပါတယ်။

Posted on 17 October 2016

မြန်မာနိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများအားပံ့ပိုးပေးရန်၊ ပုဂ္ဂလိကစွန့်ဦးတီထွင် လုပ်ငန်းများအားအားပေးရန်နှင့် အလုပ်အကိုင်များဖန်တီးခြင်းနှင့် ဝင်ငွေတိုးတက်စေသောလုပ်ငန်းများစတင်နိုင်ရေးအား  ပံ့ပိုးပေးနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည်အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။
DICA ၏ ဝန်ဆောင်မှုများနှင့် ဝက်ဘ်ဆိုက်မှတဆင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောသတင်းအချက်အလက်နှင့် ပံ့ပိုးကူညီမှုများရရှိအောင် ဆောင်ရွက်ပေးလျှက်ရှိပြီးအဆိုပါ ဝန်ဆောင်မှုများ၏ စဉ်ဆက်မပြတ်သောတိုးတက်မှုများ ဖြစ်ပေါ်စေရန်အတွက် လုပ်ငန်းရှင်များထံမှ အကြံဉာဏ်များအားပထမအကြိမ်စစ်တမ်းအနေဖြင့်ဖေဖော်ဝါရီလ ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ဒုတိယအကြိမ်စစ်တမ်းကောက်ယူခြင်းအား၂၃ရက်နေ့ အောက်တိုဘာလ ၂၀၁၆ ခုနှစ်အထိထပ်မံကောက်ယူသွားမည်ဖြစ်ပါသည်။
ဤမေးခွန်းလွှာအားဖြေဆိုရန်အတွက် အချိန် ၅ မိနစ်မှ ၁၀ မိနစ်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်အွန်လိုင်းမှသော်လည်းကောင်း၊ DICA ရုံးတွင် လည်းကောင်းဖြေဆိုနိုင်ပါသည်။ အွန်လိုင်းမှ တဆင့် ဖြေဆိုလိုသူများအတွက် အောက်ဖော်ပြပါလင့်ခ်သို့ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။
https://goo.gl/forms/ISinVeGlJRuEI7jj1(အင်္ဂလိပ်ဘာသာဖြင့်)
https://goo.gl/forms/LG9qaW0W1xt1c2Dx2(မြန်မာဘာသာဖြင့်)
မေးခွန်းလွှာများအားရန်ကုန်ရှိ DICA ရုံးနှင့် မြန်မာနိုင်ငံရှိ DICA နယ်ရုံးများတွင် ရယူဖြေဆိုနိုင်ပါသည်။
ယခုစစ်တမ်းတွင် ပါဝင်ဖြေဆိုခြင်းအားဖြင့် သင်၏အကြုံပြုတုံ့ပြန်မှုများအား ကျွန်ုပ်တို့ထံသို့ ပေးစေလိုပါသည်။
သင်၏ပါဝင်ကူညီမှုအတွက် ကျေးဇူးတင်ရှိပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)