နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များညှိနှိုင်းဆွေးနွေးမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များညှိနှိုင်းဆွေးနွေးမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ

Posted on 04 November 2016

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန နှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) တို့ ပူးပေါင်းကာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ကျင်းပလျက်ရှိပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ချုပ်ဆိုရာတွင် ပါဝင်ဆွေးနွေး ညှိနှိုင်းနေသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း ၁၀ ဦး၊ သက်ဆိုင်ရာဌာနများမှ အရာထမ်း ၁၈ ဦးနှင့် ဂျာမနီအပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (GIZ) မှ ကိုယ်စားလှယ် (၃) ဦး စုစုပေါင်း ၂၁ ဦး တက်ရောက် ကြပါသည်။