တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၆ တောင်အာရှ ဒေသ၏ ထုတ်လုပ်မှုစွမ်းရည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (ချန်ဒူး) ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၆ တောင်အာရှ ဒေသ၏ ထုတ်လုပ်မှုစွမ်းရည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (ချန်ဒူး) ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

Posted on 08 November 2016

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၆ တောင်အာရှဒေသ၏ ထုတ်လုပ်မှုစွမ်းရည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု (ချန်ဒူး) ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် တက်ရောက်၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပတ်ဝန်းကျင်နှင့်အခွင့်အလမ်းများနှင့်စပ်လျဉ်းပြီး ပြောကြားခဲ့ ပါသည်။

          အဆိုပါဆွေးနွေးပွဲသည် တောင်အာရှဒေသနိုင်ငံများနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် နှင့် ပြည်တွင်းပြည်ပ ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ကြပြီး ချန်ဒူးနှင့် တောင်အာရှဒေသနိုင်ငံများ ပူးပေါင်း၍ စီးပွား​ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။