Investment and Trade Research အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

Investment and Trade Research အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

Posted on 10 November 2016

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Country Program in Myanmar) (၂၀၁၃-၂၀၁၇) အရ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်-ကုလသမဂ္ဂ ဆင်းရဲနွမ်းပါးမှု ပတ်ဝန်းကျင်ကနဦးအစီအစဉ် (UNDP-UNEP PEI) ၏ ပံ့ပိုးကူညီမှုဖြင့်  Investment & Trade Research အလုပ်ရုံဆွေးနွေးပွဲအား ၈-၁၁-၂၀၁၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌  စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။ 

          အလုပ်ရုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ် စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား ၁၀-၁၁-၂၀၁၆ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။