အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးဝန်ကြီးဌာနမှ Deputy Assistant Secretary နှင့်တွေ့ဆုံဆွေးနွေးခြင်း

အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးဝန်ကြီးဌာနမှ Deputy Assistant Secretary နှင့်တွေ့ဆုံဆွေးနွေးခြင်း

Posted on 17 November 2016

အမေရိကန်ပြည်ထောင်စု၊ ကုန်သွယ်ရေးဝန်ကြီးဌာနမှ Deputy Assistant Secretary Ms.Diane Farrell ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား ၁၆-၁၁-၂၀၁၆ ရက်နေ့ မွန်းလွဲပိုင်း တွင် အဆိုပါဦးစီးဌာန၌ လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ  ဆက်စပ်မှုတိုးမြှင့်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။