ASEAN-EU Compass Program မှ ကိုယ်စားလှယ်နှင့် တွေ့ဆုံခြင်း

ASEAN-EU Compass Program မှ ကိုယ်စားလှယ်နှင့် တွေ့ဆုံခြင်း

Posted on 06 December 2016

ASEAN-EU Compass Program မှ ကိုယ်စားလှယ် Mr.SUMAN KHALID သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်များဖြစ်ကြသည့် ဦးဆန်းမြင့်နှင့် ဦးသန့်စင်လွင်တို့နှင့် လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် EU-COMPASS Mid-term review 2016 အတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် COMPASS Program တို့ စာရင်းအင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးတက်မှုနှင့် ပြီးမြောက်အောင်မြင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ရှေ့ဆက်လက် ဆောင်ရွက်မည့်စီမံကိန်း အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။