အင်ဒိုနီးရှားနိုင်ငံ၊ အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BKPM) ၏ ၂၄ နာရီအတွင်း တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် ဌာနသို့ လေ့လာရေးခရီးသွားရောက်ခြင်း

အင်ဒိုနီးရှားနိုင်ငံ၊ အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BKPM) ၏ ၂၄ နာရီအတွင်း တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် ဌာနသို့ လေ့လာရေးခရီးသွားရောက်ခြင်း

Posted on 07 December 2016

အာဆီယံ-ဂျပန်စင်တာ၏ ရန်ပုံငွေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်၍ One-stop Service Center ၏ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်စုစုပေါင်း ၁၀ ဦး ပါဝင်သောအဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BKPM) ၏ ၂၄ နာရီအတွင်း တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်ဌာနသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ နှစ်ရက်ကြာ လေ့လာရေး ခရီးသွားရောက်ရန်အတွက် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပါသည်။