အင်ဒိုနီးရှားနိုင်ငံ၊ အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BKPM) ၏ ၂၄ နာရီအတွင်းတစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် ဌာနသို့ လေ့လာရေးခရီးသွားရောက်ခြင်း

အင်ဒိုနီးရှားနိုင်ငံ၊ အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BKPM) ၏ ၂၄ နာရီအတွင်းတစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် ဌာနသို့ လေ့လာရေးခရီးသွားရောက်ခြင်း

Posted on 09 December 2016

အာဆီယံ-ဂျပန်စင်တာ၏ ရန်ပုံငွေဖြင့်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်၍ One-stop Service Center ၏ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်စုစုပေါင်း ၁၀ ဦး ပါဝင်သောအဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BKPM) ၏ ၂၄ နာရီအတွင်းတစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးသည့်ဌာနသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပြီးBKPM ၏ OSS system၊ ရင်နှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးစားပေးကဏ္ဍများဖြစ်သည့် ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှုဇုန်များနှင့် မူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လိုင်စင်များလျှောက်ထားခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်၌ ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။