စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အစိုးရနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ၊ ငွေကြေးကဏ္ဍတို့နှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်ကျင်းပခြင်း

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အစိုးရနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ၊ ငွေကြေးကဏ္ဍတို့နှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်ကျင်းပခြင်း

Posted on 09 December 2016

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် 2nd International Forum on Economic Development and Public: Unlocking Public and Private Investment: Role of Financial Sector သို့ မြန်မာကိုယ်စားလှယ်အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် တက်ရောက်ခဲ့ပါသည်။

အဆိုပါဖိုရမ်တွင် ဘဏ္ဍာရေးကဏ္ဍဆိုင်ရာ မူဝါဒများရေးဆွဲရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အထောက်အကူပြုနိုင်ရန်၊ ဝင်ငွေအလယ်အလတ်အဆင့်တွင် ရပ်တန့်နေသည့် ပြဿနာ (middle income trap) တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။