POMA(France) ကုမ္ပဏီသို့ လေ့လာရေးခရီးသွားရောက်ခြင်း

POMA(France) ကုမ္ပဏီသို့ လေ့လာရေးခရီးသွားရောက်ခြင်း

Posted on 15 December 2016

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ရီ ဦဆောင်သော လေ့လာရေးအဖွဲ့သည်      ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ကေဘယ်ကားများထုတ်လုပ်၊ တပ်ဆင်၊ ဝန်ဆောင်မှုပေးသည့် POMA ကုမ္ပဏီသို့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ လုပ်ငန်းခွင်လေ့လာရေး သွားရောက် ခဲ့ပါသည်။ လေ့လာရေးအဖွဲ့အား စက်ရုံ၏လုပ်ငန်းလည်ပတ်မှု၊ ကုမ္ပဏီနှင့်ဆိုင်သော အချက်အလက် များကို POMA(France) ကုမ္ပဏီ၏ တာဝန်ရှိသူများမှ ရှင်းလင်းပြသခဲ့ပါသည်။