(၂၈) နှစ်မြောက်ဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆပ်ကပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း

(၂၈) နှစ်မြောက်ဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆပ်ကပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း

Posted on 13 October 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ (၂၈)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အရာထမ်းအမှုထမ်းများက ကိုဗစ် စည်းကမ်းချက်များနှင့်အညီ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။

အခမ်းအနားသို့ တက်ရောက်လာသူများက သုခိတာရာမ ပဋိပတ္တိ၊ ယဉ်ကျေး လိမ္မာကျောင်း ပရိယတ္တိ (ယဉ်ငေး) သာသနာပြုဆရာ‌တော် ဦးဣန္ဒကထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာကြားကာ  လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြ ပါသည်။

ထို့နောက် ဌာန၏ အရာထမ်း၊ အမှုထမ်းများက ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။