Policy Dialogue on Clothing Operations to Produce Personal Protective Equipment (PPE) in Myanmar နှင့်စပ်လျဉ်းသည့် Virtual Meeting တစ်ရပ်ကျင်းပခြင်း

Policy Dialogue on Clothing Operations to Produce Personal Protective Equipment (PPE) in Myanmar နှင့်စပ်လျဉ်းသည့် Virtual Meeting တစ်ရပ်ကျင်းပခြင်း

Posted on 04 August 2020

DaNa Facility ၏ စီစဉ်မှုဖြင့် Policy Dialogue on Clothing Operations to Produce Personal Protective Equipment (PPE) in Myanmar နှင့်စပ်လျဉ်းသည့် Virtual Meeting တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ DICA မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ DaNa Facility မှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် PPE ထုတ်လုပ်သူများ စုစုပေါင်း ၃၀ ဦး တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက Priority Medical and Medical Equipment Production for COVID Prevention နှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က Investment in Garment and PPE Manufacturing နှင့်စပ်လျဉ်း၍လည်းကောင်း အမှာစကား အသီးသီးပြောကြားခဲ့ပြီး DaNa Facility မှ Director of Strategy ဒေါ်မျိုးမျိုးမြင့်က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ၎င်းတို့ပြုစုခဲ့သည့် Impact of COVID-19 on the Garment Sector and Production of Personal Protective Equipment in Myanmar သုတေသနစာတမ်းဆိုင်ရာ တွေ့ရှိချက်များနှင့် အကြံပြုချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် PPE နှင့်သက်ဆိုင်သည့် မူဝါဒပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးနိုင်မည့်ကိစ္စရပ်များ၊ စံသတ်မှတ်ချက်များ၊ ဈေးကွက်အလားအလာနှင့် တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။