မြန်မာ- ဂျပန် ကနဦးပူးပေါင်းဆောင်ရွက်မှုအပိုင်း(၂) အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်း

မြန်မာ- ဂျပန် ကနဦးပူးပေါင်းဆောင်ရွက်မှုအပိုင်း(၂) အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်း

Posted on 13 July 2016

မြန်မာ-ဂျပန်ကနဦးပူးပေါင်းဆောင်ရွက်မှုအပိုင်း(၂)အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးအား  ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင် ရာဂျပန်သံရုံး၊ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မြန်မာ)၊ဂျပန်အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့်ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့အစည်းတို့မှစုစုပေါင်း ကိုယ်စားလှယ် (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

          ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဂျပန်နိုင်ငံသံရုံးမှ သံမှူးကြီး Mr. Ichiro MARUYAMA တို့မှအဖွင့် အမှာစကားအသီးသီးပြောကြားခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ(မူကြမ်း)၊ အလုပ်သမား ရေးရာကိစ္စရပ်များနှင့် ကာလရှည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။