နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များညှိနှိုင်းဆွေးနွေးမှုဆိုင်ရာစွမ်းရည်မြှင့်သင်တန်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များညှိနှိုင်းဆွေးနွေးမှုဆိုင်ရာစွမ်းရည်မြှင့်သင်တန်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ

Posted on 01 November 2016

နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များချုပ်ဆိုနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး မှုများပြုလုပ်ရာတွင် သက်ဆိုင်ရာဌာနများမှ အရာထမ်းများ၏ ညှိနှိုင်းဆွေးနွေးမှု စွမ်းရည်များ မြင့်တက်လာစေရန် ရည်ရွယ်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနနှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ)တို့ ပူးပေါင်းကာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ ညှိနှိုင်းဆွေးနွေးမှု ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပလျက်ရှိရာ သင်တန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ အဖွင့်အမှာစကားပြောကြား ပြီး သင်တန်းအား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြပါသည်။ အဆိုပါ သင်တန်းသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း ၁၀ ဦး၊ သက်ဆိုင်ရာဌာနများ မှ အရာထမ်း ၁၀ ဦးနှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) မှ ကိုယ်စားလှယ် (၃) ဦးစုစုပေါင်း ၂၃ ဦးတက်ရောက်ကြပါသည်။